ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Peace & Justice Myanmar-PJM)
၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့အား အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်အမှတ် (၁/ပြည်တွင်/ ၀၄၁၁) ဖြင့် ပြည်ထောင်စုအဆင့်မှတ်ပုံတင်ထားရှိသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူပြောင်းမှု ဖြစ်စဥ် နှင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် မိမိတို့အဖွဲ့အနေဖြင့် ရွေးကောက်ပွဲဖြစ်စဥ်များအား စောင့်ကြည့်လေ့လာခြင်း၊ နိုင်ငံသားဆိုင်ရာ အသိပညာပေးခြင်း နှင့် ပါဝင်မှုမြင့်တင်ခြင်း ၊ မူဝါဒနှင့် ဥပဒေဆိုင်ရာများပြုပြင်ပြောင်းလဲရန် အချက်အလက်အခြေပြုတိုက်တွန်းနှိုးဆော်ခြင်း ပြုလုပ်နိုင်ရန်ရည်ရွယ်၍ အဖွဲ့အစည်းအား တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
အဖွဲ့အစည်းမျော်မှန်းချက်
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း၍ တန်းတူညီမျှသော၊ တရားမျှတသော၊ အားလုံးပါဝင်မှုရှိသည့် ဒီမိုကရက်တစ်လူမှုအသိုက်အဝန်း တစ်ခုဖြစ်ပေါ်ရန် မျော်မှန်းသည်။