ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Peace & Justice Myanmar-PJM)
၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့အား အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်အမှတ် (၁/ပြည်တွင်း/ ၀၄၁၁) ဖြင့် ပြည်ထောင်စုအဆင့်မှတ်ပုံတင်ထားရှိသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူပြောင်းမှု ဖြစ်စဥ် နှင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင်
ရွေးကောက်ပွဲဖြစ်စဥ်များအား စောင့်ကြည့်လေ့လာခြင်း၊ နိုင်ငံသားဆိုင်ရာ အသိပညာပေးခြင်း နှင့် ပါဝင်မှုမြင့်တင်ခြင်း ၊ မူဝါဒနှင့် ဥပဒေဆိုင်ရာများပြုပြင်ပြောင်းလဲရန် အချက်အလက်အခြေပြုတိုက်တွန်းနှိုးဆော်ခြင်း တို့အား ပြုလုပ်နိုင်ရန်ရည်ရွယ်၍
အဖွဲ့အစည်းအား တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
အဖွဲ့အစည်း၏မျော်မှန်းချက်
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း၍ တန်းတူညီမျှသော၊ တရားမျှတသော၊ အားလုံးပါဝင်မှုရှိသည့် ဒီမိုကရက်တစ်လူ့မှုအသိုက်အဝန်း တစ်ခုဖြစ်ပေါ်ရန်မျော်မှန်းသည်။
အဖွဲ့အစည်း၏ရည်မှန်းချက်
![](https://www.peaceandjusticemm.org/wp-content/uploads/2019/03/4551_-_Casting_Vote-512.png)
Free & Fair Election
ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များအားစောင့်ကြည့်လေ့လာခြင်း နှင့် ရွေးကောက်ပွဲဥပဒေမူဘောင်များပြုပြင် ပြောင်းလဲရန် စည်းရုံးတိုက်တွန်းခြင်းများ မှတဆင့် ရွေးကောက်ပွဲများ၏ ယုံကြည်ရမှု၊ လွတ်လပ်၍ တရားမျှတမှုတို့အား မြှင့်တင်သွားမည်။
![](https://www.peaceandjusticemm.org/wp-content/uploads/2019/03/silhouettes-1186990_1920.png)
Platform for Civic EngagEment
လူထုထိတွေဆက်ဆံမှု ပလက်ဖောင်းများမှတဆင့် ဥပဒေပြုခြင်းဆိုင်ရာကိစ္စရပ်များတွင် ပြည်သူအသံပါဝင်မှုအားမြင့်တင်သွားမည်။
![](https://www.peaceandjusticemm.org/wp-content/uploads/2019/03/Advocates-icon_Color.png)
ADVOCACY FOR CHANGE
အချက်အလက်အခြေပြု၍ စည်းရုံးတိုက်တွန်းခြင်းများမှတဆင့် တရားမျှတသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်သွားမည်။